ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ဝန်ထမ်းများသည် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စည်ပင်သာယာမြို့မဈေးကြီးနှင့် လူစည်းကားသည့် လမ်းဆုံနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။