မအူပင်မြို့တွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာစိုက်ထူ
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ မုန်တိုင်းဘေးအန္တရာယ်အသိ ပညာပေးပိုစတာစိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် ရေလဲလမ်းအဝေးပြေးကားဂိတ်ဝန်းအနီးတွင် စိုက်ထူခဲ့ကြသည်။