ကဝ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ဝန်ထမ်းများသည် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စည်ပင်သာယာမြို့မဈေးကြီးနှင့် လူစည်းကားသည့် လမ်းဆုံနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်များတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ လေပြင်းဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဥ် သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဥ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခက်ပြီးနောက် ဆောင်ရွက်ရန်အချက်များ၊ လျှပ်စီးလက်ခြင်းမဖြစ်မီကြိုတင်ကာကွယ်ရန်အချက်များနှင့် လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)