သတင်းများ

ဝန်းသိုမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask Campaign ပြုလုပ်
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ ဦးအောင်မြတ်ခန်းမတွင် ယနေ့ နံနက် ၇ နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၅၈)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၅၂) ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တစ်ဦး တစ်ယောက်မှ မတွေ့(မတွေ့)ရှိကြောင်း သိရသည်။
မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျဉ်အမြန် ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
May 10,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျဉ်အမြန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် ရာသီဥတု​ပြောင်းလဲမှု​လျော့ချ​ရေးနှင့် လိုက်​လျောညီ​ထွေ​နေထိုင်​ရေး အသိပညာပေး Talk Show ပြုလုပ်
May 10,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရာသီဥတု​ပြောင်းလဲမှု​လျော့ချ​ရေးနှင့် လိုက်​လျောညီ​ထွေ နေထိုင်​ရေး အသိပညာပေး Talk Show ကို ယနေ့‌ နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ Talk Show ဆောင်ရွက်
May 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍  အပူဒဏ် ကာကွယ်ရေးဆိုင်ရာ  Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ဆေး (၄)ရက်မြောက်နေ့ ဆက်လက်ထိုးနှံ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး လုပ်ငန်းများကို အရှိန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့အ၀င်/အထွက်ဂိတ်နေရာတွင် (၄)ရက်မြောက်နေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေဘိုမြို့စည်ပင်သာယာ​​စျေးတွင် မုန်တိုင်းဘေးအန္တရာယ် လက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရွှေဘိုခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊​ ရွှေဘိုမြို့နယ် ကြက်​ခြေနီအသင်း၊ လူမှုကူညီ​ရေး အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က ရွှေဘိုမြို့ စည်ပင် သာယာစျေးအတွင်း၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ်ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဒုတိယနှစ်နှင့် ၃/၂၀၂၃ ပထမနှစ် သင်တန်းသား၊ သူများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားများ တက်ရောက်
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဒုတိယနှစ် နှင့် ၃/၂၀၂၃ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေး ဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရွှေဘိုမြို့တွင် မုန်တိုင်းနှင့်ပတ်သက်၍ အသိပညာပေးပိုစတာ စိုက်ထူ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ၊ မုန်တိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက အများမြင်သာသည့် ​ရွှေဘို-မြစ်ကြီးနားလမ်း ပန်းခြံကျုံးဘေးတွင် စိုက်ထူဆောင်ရွက်ရာ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီအဖွဲ့ဝင်များ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။