ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပန်းတနော် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ မုန်တိုင်းမဝင်ရောက်မီ ကြိုတင်ပြင်ဆင်ရန်၊ သဘာဝဘေးအန္တရာယ်​ ဖြစ်ပေါ်လာပါ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ် သဘာဝဘေးစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းလိုအပ်သည်များ တင်ပြဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)