ကျောက်ဖြူ မေ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘိုးစိုက်ထူပွဲကို ယမန်နေ့နံနက်(၈)နာရီက ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံးလမ်းခွဆုံ၊ ကုလားဘာတောင် ဈေးလမ်းခွဆုံနှင့် နာရီစင်ကွင်းလမ်းခွဆုံနှင့် နေရာတို့တွင် ပြုလုပ်စိုက်ထူခဲ့သည်။
အဆိုပါ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးဆိုင်းဘိုးအား မြို့နယ်ပညာရေးမှူးရုံးမှ ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများက အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပြီး ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)