သတင်းများ

သီပေါမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ် ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၉)ခွဲနာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 11,2023
နွေရာသီအကုန် မိုးရာသီအကူးအပြောင်းကာလဖြစ်သည့် မေလအတွင်းတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များအရ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်နှင့်ကြိုတင်ပြင်ဆင်ထားရှိရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့ နေ့လည်(၂း၀၀)အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
ပေါက်တောမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
May 11,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နေ့လယ် ၁ နာရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်ကြသည်။
လက်ပံတန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ပြုလုပ်ခဲ့သည်။
ပန်းပဲတန်းမြို့နယ်တွင် ယာဉ်စက်ပစ္စည်းကိရိယာများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ပြည်သူများအား အသိပညာပေးလက်တွေ့သရုပ်ပြ
May 11,2023
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာလျှင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်​​စေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းပဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီတွင် လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
မချမ်းဘောမြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းတာဝန်များလွှဲပြောင်းပေးအပ်
May 11,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မချမ်းဘောမြို့၌ ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးသရုပ်ပြခြင်းဆောင်ရွက်
May 11,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ရေးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရေးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မလိခမြစ်ကမ်းဘေး၌ ဆောင်ရွက်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးနှိုးဆော်
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်မှုဖြင့် မေလဒုတိယအပတ်အတွင်း ဖြစ်ပေါ်လာနိုင်သောဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းမှစတင်၍ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများအတွင်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။