ကြံခင်း မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် သာသနာဗိမာန်တော် ဆေးထိုးစုရပ်တွင် ယမန်နေ့နံနက်ပိုင်းက အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြိုနယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးနှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ကြံခင်းမြို့နယ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကာကွယ်ဆေး(၃)ကြိမ်ထိုးနှံပြီး၊ (၆)လပြည့်ပြီး ပြည်သူ(၄၀)ဦး၊ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး၊ (၆)လပြည့်ပြီး ပြည်သူ(၂၁)ဦးတို့ကို ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တခါမှ မထိုးနှံရသေးသော ပြည်သူ(၁၄)ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)