သတင်းများ

သီပေါမြို့နယ်တွင် စာပေဝါသနာရှင်များပူးပေါင်း၍စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Yoth Club)တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုဆိုင်ရာ အသိပညာပေး (Talk Show)ပြုလုပ်
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင်ယမန်နေ့ နံနက်(၁၁:၀၀)အချိန်က သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် ပင်လယ်ကမ်းစပ်ကျေးရွာများတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော
May 11,2023
ချောင်းဆုံမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများရှိ ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့က ကလွီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဟောပြောခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 11,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အရေးပေါ်ကူညီကယ်ဆယ်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိ
May 11,2023
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်က ဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နိုင်ရန်အတွက် သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များသည် လိုအပ်မည့် ကယ်ဆယ်ရေးပစ္စည်းများကို မေလ ၉ ရက်နေ့ ညနေ(၄)နာရီ အချိန်က နယ်မြေမီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့ထားရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်စက်များနှင့် ရိက္ခာများ စုဆောင်းထားရှိမှုကို ခရိုင်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် ယမန်နေ့ နံနက်ပိုင်း အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်စက်များနှင့် ရိက္ခာများ စုဆောင်းထားရှိမှုကို
ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲ သန်လျင်၌ကျင်းပ
May 11,2023
သန်လျင်ခရိုင်၊ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ထူးချွန်မြို့နယ်များ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
တာလေမြို့၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။