သဲကုန်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁ဝး၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သဲကုန်းစီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဉ်ထွေးက လမ်းညွှန်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)ပါ ရည်မှန်းချက်ပန်းတိုင်များ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့်အညီ ရေးဆွဲထားကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်အရ ကဏ္ဍကြီးများအလိုက် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို (နှစ်အလိုက်စျေးနှုန်းများအရ) ကျပ်သန်းပေါင်း ၄၁၁၇၄၉.၃ သန်းနှင့် ပုံမှန်စျေးနှုန်းများအရ ၅.၁ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း၊ ကဏ္ဍအလိုက်ပါဝင်မှုအများဆုံးမှာ လယ်ယာကဏ္ဍတွင် ၂၈.၁ %၊ စက်မှုလက်မှုကဏ္ဍတွင် ၃၄.၇ %၊ ဝန်ဆောင်မှုကဏ္ဍတွင် ၃၇.၃% အဓိကတိုးတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များကို သဲကုန်းမြို့နယ်စီမံကိန်းရေးဆွဲကောင်အထည်ဖော်ရေးကော်မတီ၊ ဥက္ကဋ္ဌဦးယဉ်ထွေးမှ ကဏ္ဍကြီးများအလိုက် သက်ဆိုင်ရာဌာနများသို့ အသီးသီးတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်