သတင်းများ

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
May 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြိုနယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ သဘာဝဘေးစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ သဘာဝဘေးစီမံချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။
ကဝမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေး
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ကဝမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ၊ အခြားအမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများတွင် ဆေးဝါးမှတ်ပုံတင်ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး၊ စားသောက်ကုန်လုပ်ငန်းရှင်မျာနှင့်တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ ဝန်ထမ်းအိမ်ရာသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ ရသစသည့် စာအုပ်များ ငှားရမ်းပေး
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ဝန်ထမ်းများနှင့် မိသားစုဝင်များ စာပေမှရရှိသည့် ဗဟု သုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍
မိုင်းပန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
May 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အားကစားကွင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
May 11,2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းတို့ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများနှင့် ရပ်ကွက်များသို့ လှည့်လည်၍ အသိပေးနှိုးဆော်ချက်များအား ပြည်သူများသိရှိနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
May 11,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။
ငါးသိုင်းချောင်းမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မီးသတ်တပ်ဖွဲ့နှင့် မြို့ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေခြင်းကို မေလ ၉ ရက်နေ့ ညနေ (၃)နာရီအချိန်က ငါးသိုင်းချောင်းမြို့အဝင် လမ်းမကြီးတလျှောက်လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။