ချမ်းအေးသာစံမြို့နယ်တွင် မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ "မုန်တိုင်းဘေးပညာပေး" လက်ကမ်းစာစောင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ " မုန်တိုင်းအန္တရာယ်လျော့ပါးရေးပညာပေး" လက်ကမ်းစာစောင်တို့ကို ယနေ့နေ့လယ် ၁ နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ်ရှိ လူသွားလူလာများသော စျေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းများတွင် အခမဲ့ဖြန်ဝေပေးခဲ့သည်။