မိုးညှင်း မေ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျဉ်အမြန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်း ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များအား အသင်းအစုများ ဖွဲ့၍ မုန်တိုင်းမဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးနှိုးဆော်ခြင်း၊ မုန်တိုင်းကျရောက်လာပါက အလျဉ်အမြန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးနှင့် စားဝတ်နေရေးများအတွက် ကူညီဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် အသုံးပြုရန် ငါးဂါလံဆံ့ ပလပ်စတစ်ပုံးများဖြင့် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်း ထားရှိနိုင်သကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက လူတစ်ဦး၏ အသက်ကို ကောင်းစွာကယ်တင် နိုင်သည့်အတွက် ရပ်ရွာများရှိ လူနေအိမ်တိုင်းတွင် အသင့်ကြိုတင် ပြင်ဆင်ထားရှိ စေရေးတို့ကို အဖွဲ့များခွဲ၍ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း