ရွှေဘိုမြို့စည်ပင်သာယာ​​စျေးတွင် မုန်တိုင်းဘေးအန္တရာယ် လက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေ

ရွှေဘို မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊​ ရွှေဘိုမြို့နယ် ကြက်​ခြေနီအသင်း၊ လူမှုကူညီ​ရေး အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က ရွှေဘိုမြို့ စည်ပင်သာယာစျေးအတွင်း၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာ​စောင်တွင်၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား သိရှိနိုင်စေ ရန် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် Mask များ အခမဲ့ဖြန့်ဝေကာ စနစ်တကျ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်