မဟာအောင်မြေမြို့နယ်၌ မုန်တိုင်းအန္တရာယ်မှ ကာကွယ်နိုင်စေရန် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်လာပါက နေအိမ်တိုင်း ၅ ဂါလန်ဆံ့ ပလပ်တစ်ပုံးများအား ရေသန့်ထည့်၍ မိမိတို့နေအိမ် တိုင်းတွင် မိသားစုရှိသလောက် စုဆောင်းထားခြင်းဖြင့် မုန်တိုင်းဘေးကြုံလာစဉ် မိမိတို့တစ်ဦးခြင်း၏ အသက်ကို ကယ်တင်နိုင်စေရန်နှင့် ရေသန့်အတွက်ပါ ရရှိမည်ဖြစ်ပါသောကြောင့် မဖြစ်မနေ ကြိုတင်စုဆောင်း အသင့်ထားရှိကြပါရန် ပြည်သူများအား လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ဂေါ်ဝင်မြစ်ဆိပ်တွင် သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့သည်။