ရေဦး မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး လုပ်ငန်းများကို အရှိန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့အ၀င်/အထွက်ဂိတ်နေရာတွင် (၄)ရက်မြောက်နေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ဈေးသည် ဈေး၀ယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှု ရှိ/မရှိ စစ်ဆေးပြီး ကာကွယ်ဆေး၏ အကျိုးအာနိသင်များအကြောင်း ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုဗစ်ကာကွယ် ဆေးထိုးပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေး ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်နှင့် တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ မှတ်တမ်းတင် ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့နှင့် ဒေသခံပြည်သူများ အတွက် လိုအပ်သည့် ကျန်းမာရေးသုံးပစ္စည်းများ ပံပိုးကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ (၄)ရက်မြောက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၃၁၅ ဦးရှိကြောင်း မြိုနယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ တာ၀န်ရှိသူကပြောကြားသည်။
သန်းထိုက် (ရေဦး)