ဝန်းသို မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ ဦးအောင်မြတ်ခန်းမတွင် ယနေ့ နံနက် ၇ နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၅၈)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၅၂) ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တစ်ဦးတစ်ယောက်မှမတွေ့(မတွေ့)ရှိကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးစစ်ဆေးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး (Mask) နှာခေါင်းစည်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း