ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် ရာသီဥတု​ပြောင်းလဲမှု​လျော့ချ​ရေးနှင့် လိုက်​လျောညီ​ထွေ​နေထိုင်​ရေး အသိပညာပေး Talk Show ပြုလုပ်

ရွှေဘို ​မေ ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ရာသီဥတု​ပြောင်းလဲမှု​လျော့ချ​ရေးနှင့် လိုက်​လျောညီ​ထွေ နေထိုင်​ရေး အသိပညာပေး Talk Show ကို ယနေ့‌ နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ Talk Show တွင်  ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်‌​အေးမြင့်စန်းက အသိပညာ​ပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို​ ပြောကြားခဲ့ပြီး ရွှေဘိုခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနမှ ဒုလက်​ထောက်ဦးစီးမှူး ​ဒေါ်ခက်ခက်ခိုင်က ရာသီဥတု​ပြောင်းလဲ​ဖောက်ပြန်ခြင်းသည် ကမ္ဘာကြီးပူ​နွေးမှု​ကြောင့်ဖြစ်ကာ ကမ္ဘာကြီးပူ​နွေးရခြင်းမှာလည်း ​လေထုအတွင်း ကာဗွန်ဒိုင်​အောက်ဆိုဒ် (CO2) အပါအဝင် မှန်လုံအိမ်ဓာတ်​ငွေ့များ ပုံမှန်ထက် သိသာစွာပိုမိုများပြားလာခြင်းဖြစ်​ကြောင်း၊ ရာသီဥတု​ပြောင်းလဲရခြင်း၏ အ​ကြောင်းအရင်း၊ မှန်လုံအိမ်နှင့် မှန်လုံအိမ် အာနိသင်တို့၏ အဓိပ္ပါယ်၊ ရာသီဥတု​ပြောင်းလဲမှု​ကြောင့် ဖြစ်​ပေါ်လာ​သော အကျိုးသက်​ရောက်မှုများ၊ ရာသီဥတု​ပြောင်းလဲ မှုနှင့် လိုက်​လျောညီ​ထွေမှုရှိ​အောင်​ နေထိုင်ရမည့် နည်းလမ်းများ၊ ရာသီဥတု​ပြောင်းလဲမှုကို​လျှော့ချရန် နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ကို  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ရွှေဘိုခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် အသိပညာ ပေး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်