မိုးမောက် မေ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပူဒဏ် ကာကွယ်ရေးဆိုင်ရာ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက နွေရာသီ ကာလအတွင်း ပြည်သူများ အပူဒဏ်ကာကွယ်နိုင်စေရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းနိုင်က နွေရာသီ အပူဒဏ် ကာကွယ်နိုင်ရန် သတိပြုရမည့် အချက်များမှ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းတို့နှင့် သက်ဆိုင်သည့် ရှေးဦးပြုစုခြင်းနည်းများအကြောင်း၊ ခန္ဓာကိုယ်အတွင်း ရေနှင့် ဆားဓာတ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရေများများသောက်ရန်နှင့် မိတ်၊ ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်ခြင်း၊ အရောင်ဖျော့ဖျော့ဝတ်ဆင်ခြင်း၊ ထီး၊ ဦးထုပ်တို့ဖြင့် အကာ အကွယ်ယူခြင်းတို့ ပြုလုပ်နိုင်ကြောင်း၊ အပူဒဏ်ခံစားနေရသော လူနာအားတွေ့ရှိပါက အရေးပေါ် ကူညီနိုင်ရေး၊ အပူဒဏ်အန္တရာယ်အကြောင်း၊ ရှောင်ကျဉ်ရမည့် အနေအထိုင်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်