ရွှေဘိုမြို့တွင် မုန်တိုင်းနှင့်ပတ်သက်၍ အသိပညာပေးပိုစတာ စိုက်ထူ

​ရွှေဘို မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ၊ မုန်တိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက အများမြင်သာသည့် ​ရွှေဘို-မြစ်ကြီးနားလမ်း ပန်းခြံကျုံးဘေးတွင် စိုက်ထူဆောင်ရွက်ရာ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီအဖွဲ့ဝင်များ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ပိုစတာတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်း အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြု နေထိုင်ကြရန်၊ မြစ်ချောင်းကမ်းအနီးတွင် နေထိုင်ကြသူများကလည်းရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန် မုန်တိုင်းအန္တရာယ် မကျ​ရောက်မီ၊ ကျ​ရောက်စဲ၊ ကျ​ရောက်ပြီးချိန်များတွင် ဆောင်ရွက်ရမည့် အကြောင်းအရာများ စသည်တို့ ပါရှိ​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်