သတင်းများ

ကျွန်းစုမြို့တွင် မုန်တိုင်းတိုက်ခတ်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အချက်များ အသိပေးနှိုးဆော်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မုန်တိုင်းတိုက်ခတ်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အချက်များအား ယနေ့နံနက်(၁၁)နာရီအချိန်က မြို့ပေါ် အမှတ်(၁)ရပ်ကွက်၌ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားမှုအား ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး
May 10,2023
ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယနေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အတွင်း ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားသည့် မြို့နယ်မီးသတ်စခန်း၊ အမေထိန်းခန်းမနှင့် အာယုသုခအောက်ဆီဂျင်စက်ရုံတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကော့ကရိတ်မြို့ ပြည်သူ့စာကြည့်တိုက်၌ သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ
May 10,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ မိုးကြိုကာလတွင် ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေး အန္တရာယ်ကို သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန်သရုပ်ပြဇာတ်တိုက်ဆောင်ရွက်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလှည့်လည်နှိုးဆော်
May 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်‌ ကျေးရွာ၊ ကျေးရွာအုပ်စုတို့တွင် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းနေ နေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုများ သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်
May 10,2023
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်ထောင်စုများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။