ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်

ပန်းတောင်း မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ဒုတိယဦးစီးမှူးဦးအောင်ကျော်ကျော်က သင်တန်းသားများကို ပန်းရံသင်တန်းနှင့်ပတ်သက်သည့် အထောက်အကူပြုပစ္စည်းများ ပေးအပ်ကာ သင်တန်းသား(၂၀)ဦးတက်ရောက်၍ သင်တန်းကာလမှာရက် (၂၀)ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)