ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားမှုအား ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး

ပျော်ဘွယ် မေ ၁၀

ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယနေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အတွင်း ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားသည့် မြို့နယ်မီးသတ်စခန်း၊ အမေထိန်းခန်းမနှင့် အာယုသုခအောက်ဆီဂျင်စက်ရုံတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့သည် မြို့နယ်မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်ထားရှိမှု၊ ကယ်ဆယ်ရေးတပ်ဖွဲ့၏ လေ့ကျင့်နေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ သဘာဝဘေးဖြစ်ပေါ်ချိန်တွင် ပြည်သူများ ယာယီတည်းခိုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် အမေထိန်းခန်းမနှင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်ပါက အချိန်မီရရှိနိုင်ရန် အာယုသုခ အောက်ဆီဂျင်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာဌာနများ လူမှုရေးအသင်း အဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)