သတင်းများ

ရန်ကုန်တိုင်းဒေသကြီးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယာဉ်/စက်ပစ္စည်းကိရိယာများအသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်
May 10,2023
မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ဝင်များ၊
လောင်းလုံးမြို့နယ်၌ မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်း အသိပညာပေးနှိုးဆော်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်း အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က လောင်းလုံးမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ နယ်လှည့်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
May 10,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ရှိဘင်္ဂလားပင်လယ်အော် အခြေအနေနှင့်ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီ လူစည်ကားရာနေရာများသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။
ဘိုကလေးမြို့နယ်တွင် မိုးရာသီပေါ်ဆန်းရင် မျိုးသန့်မျိုးပွားမျိုးစေ့ မျိုးစပါးကို မျိုးစေ့ထုတ် တောင်သူများအား ပေးအပ်ပွဲကျင်းပ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာမှ ယနေ့နံနက် (၈)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၇)ရပ်ကွက်၊ (၁၂)လမ်းရှိ ရွှေခေတ်အားမာန် မျိုးသန့် မျိုးစေ့ထုတ်လုပ်ရေးအသင်း၌ (၂၀၂၃)ခုနှစ် မိုးရာသီ ပေါ်ဆန်းရင် မျိုးသန့်မျိုးပွားမျိုးစေ့ (RS) မျိုးစပါးကို မျိုးစေ့ထုတ်တောင်သူများအား ပေးအပ်ပွဲ ကျင်းပသည်။
ကျွန်းစုမြို့နယ်တွင် မုန်တိုင်းကာလအတွင်း ကြိုတင်ပြင်ဆင်ရမည့် အချက်များအား အသိပညာပေး ဆောင်ရွက်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မုန်တိုင်းကာလအတွင်း ကြိုတင်ပြင်ဆင်ရမည့် အချက်များအား ပြည်သူများ သိရှိဆောင်ရွက်နိုင်စေရန် ယနေ့ နံနက်(၉)နာရီအချိန်က မြို့ပေါ်အမှတ်(၂)ရပ်ကွက်၌ အသိပညာပေးလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ပြည်သူများအား တန်ဘိုးသင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား တန်ဘိုးသင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်ရေးအတွက် ယနေ့နံနက် ၆ နာရီက သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။