သတင်းများ

ကြံခင်းမြို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊  ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူဆောင်ရွက်ကြသည်။
ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ဝန်ထမ်းများသည် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စည်ပင်သာယာမြို့မဈေးကြီးနှင့် လူစည်းကားသည့် လမ်းဆုံနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဖြူမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူ
May 10,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘိုးစိုက်ထူပွဲကို ယမန်နေ့နံနက်(၈)နာရီက ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံးလမ်းခွဆုံ၊ ကုလားဘာတောင် ဈေးလမ်းခွဆုံနှင့် နာရီစင်ကွင်းလမ်းခွဆုံနှင့်  နေရာတို့တွင် ပြုလုပ်စိုက်ထူခဲ့သည်။
သဲကုန်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁ဝး၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့တွင် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်စီ မံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များအား မေလ(၁၀)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ဖြန့်ဝေပေးခဲ့သည်။
သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။   
ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose)ဆက်လက်ထိုးနှံပေး
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် သာသနာဗိမာန်တော် ဆေးထိုးစုရပ်တွင် ယမန်နေ့နံနက်ပိုင်းက အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။