သတင်းများ

ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club)အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
May 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဒို့ကျေးရွာဂျာနယ်မှ စုစည်းထားသော "မွေးမြူ ရေး နည်းလမ်းကောင်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်​လေ့ကျင့် ​ဆောင်ရွက်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ ​မြောက်ဥက္ကလာပမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်​ရေးအတွက် ဇာတ်တိုက်​လေ့ကျင့်ခြင်းကို ယမန်​နေ့ ည​နေ ၄:၃၀ နာရီက ​ဆောင်ရွက်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ဓနုဖြူမြို့နယ် မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ် ရေးပစ္စည်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ
May 10,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေများအား ပြည်သူများသိရှိနိုင်ရေး နှိုးဆော်သတိပေးခြင်းများဆောင်ရွက်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ခန့်မှန်းချက်များ ကြိုတင်သတင်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နှိုးဆော်သတိပေးခြင်းများကိုဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်တွင် မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနက မုန်တိုင်းနှင့်သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အသင့်ကြိုတင် စုဖွဲ့ထားရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ စတင်ဖြေဆို
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် Grade-10 နှင့် Grade-11 ကျောင်းတွင်း စစ်(ပြင်ပဖြေ) စာမေးပွဲများကို၊ ယမန်နေ့နံနက်(၉) နာရီမှ စတင်၍ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင် စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတချို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များအမိုးလန်ပျက်စီး
May 10,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရွာပြင်းကျေးရွာအုပ်စု၊ ရွာဟိုင်းကျေးရွာ၊ ရွာပြင်းကျေးရွာ၊ ရွှေသူဌေးကျေးရွာ၊ စစ်အောင်ကျေးရွာအုပ်စု၊ ဥယာဉ်ကျေးရွာ၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်းကျေးရွာ၊ ဇောင်းလျားကျင်း ကျေးရွာအုပ်စု၊ ဈေးကုန်းရပ်ကွက်တို့တွင် လူနေအိမ်(၃၄)အိမ်၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အ.လ.က စာသင်းကျောင်း(၁) ကျောင်းတို့မှာ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ၄၀၀ kv ကွန်ကရစ် လျှပ်စစ်မီးတိုင်(၂)တိုင် တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်။