ကော့ကရိတ်မေ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ မိုးကြိုကာလတွင် ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေး အန္တရာယ်ကို သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ သဘာဝဘေး အန္တရာယ် အသိပညာပေး အကြောင်းအရာများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ပြသရာတွင် မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် ဒေသများတွင် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေစဉ်တွင် လိုက်နာရမည့် အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းကျရောက်ဆဲ၊ ကျရောက်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့်အချက်များ၊ မုန်တိုင်း အန္တရာယ်အား ကြိုတင်သိရှိနိုင်ပြီး ပြည်သူများအနေဖြင့် နားလည်သဘောပေါက်လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များပါရှိသည့် အချက်များကို ပြသထားရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် ပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)