သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

မအူပင် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆)အုပ်စုရှိပြီး ဌာနဆိုင်ရာ (၁၆)ဌာနအား မိမိတို့တာဝန်ကျရာရပ်ကွက်၊ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရပ်ကွက်/ကျေးရွာများတွင် ဖွဲ့စည်းထားရှိသည့် ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် ဆန်၊ ရေ၊ ဆေးဝါး၊ ရိက္ခာစုဆောင်းထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝဘေးအန္တရာယ် ရှောင်ရှားရန်နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)