ပေါက်ခေါင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန်သရုပ်ပြဇာတ်တိုက်ဆောင်ရွက်

ပေါက်ခေါင်း    မေ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

ထိုသို့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ရာတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြစ်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းဘေးကြောင့် ထိခိုက်ပြိုကျပျက်စီးသည့် အဆောက်အဦများအောက်ရောက်ရှိနေသူများ၊ ရေနစ်မြုပ်နေသူများအား ရှာဖွေကယ်ဆယ်ပေးခြင်း၊ မုန်တိုင်းကျ‌ရောက်နေစဉ်သတိပြုနေထိုင်ရမည့်အချက်များကို သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာသို့ ပေါက်ခေါင်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲမင်းသန်းတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)