ဥတ္တရသီရိ မေ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ၊ ကျေးရွာအုပ်စုတို့တွင် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများ အနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်းဘေးအန္တရာယ် သတင်းများကို အစဥ်မပြတ်နားထောင်ကြရန်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များကို ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)