သတင်းများ

မံစီမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
May 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မစီမြို့မဈေးရှေ့နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် လေပြင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူများစည်းကားရာနေရာဖြစ်သော မဟာဗန္ဓုလ(၁၁) လမ်းသောင်းတိုးမြေ မော်တော်ယာဉ်ဆိပ်များ၊ မြို့မအောင်သာယာဈေး၊ စီ(၁) လမ်း မော်တော်ယာဉ်ဆိပ်များတွင် ဖြန့်ဝေခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ ဆလပ်များလှိုင်လှိုင်ထွက်ရှိ
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့်တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးထားသော ဆလပ်များလှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။
စမ်းချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်​ကျောင်းအပ်နှံ​ရေး​နေ့လှုပ်ရှားမှု​မြေစိုက်ပိုစတာစိုက်ထူဆောင်ရွက်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာစိုက်ထူခြင်းကို  ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာတို့ဖြင့်  ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။   
သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်း၊ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရေးနှင့် ကိုဗစ်–၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ပြည်သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်း၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် ကိုဗစ်–၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာရမည့်စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီအချိန်က သရက်ချောင်းမြို့၊ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် နယ်လှည့်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များ အား အသင့်စုဖွဲ့ထားရှိပြီး လိုအပ်မည့်ပစ္စည်းကိရိယာများအား ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်ပိုစတာများ စိုက်ထူ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပညာရေးဦးစီးဌာနမှ  ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်ပိုစတာများကို မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ယမန်နေ့နံနက် ၉ နာရီတွင် စိုက်ထူခဲ့သည်။
Smart Village နန္ဒာကျေးရွာတွင် အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်လှစ်
May 10,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက Smart Village နန္ဒာမြောက် ကျေးရွာတွင် အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့သည်။