ကျိုက်မရောမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ကျိုက်မရော  မေ ၁၀

မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဝန်ကြီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့ဆောင် ပုဒ်ပါမြေစိုက်ပိုစတာအား အမွှေးနံသာများ ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

အဆိုပါကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးတို့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ကျောင်းနေအရွယ်  ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာအား အမွေးနံသာများ ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် မြို့နယ်ပညာရေးမှူး၊ ဒေါ်စုစုဌေး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလမှာ မေလ၂၃ရက်မှ မေလ၃၁ ရက်နေ့အထိဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 မြို့နယ်( ပြန်/ ဆက်)