ဓနုဖြူ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ဓနုဖြူမြို့နယ် မီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ် ရေးပစ္စည်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ကြည့်ရှုစစ်ဆေးခဲ့သည်။ မြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အား အသင့်စုဖွဲ့ဆောင်ရွက်ထားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ အပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၃၅)ဦး အသင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)