ရွှေတောင်မြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေများအား ပြည်သူများသိရှိနိုင်ရေး နှိုးဆော်သတိပေးခြင်းများဆောင်ရွက်

ရွှေတောင် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ခန့်မှန်းချက်များ ကြိုတင်သတင်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နှိုးဆော်သတိပေးခြင်းများကိုဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နှိုးဆော်သတိပေးခြင်းများ ဆောင်ရွက်ရာသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအားကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နှိုးဆော်သတိပေးခြင်းများကိုဆောင်ရွက်ခဲ့ပြီး ကျေးအုပ်စုနေပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးနှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)