ကျောက်ပန်းတောင်း မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် Grade-10 နှင့် Grade-11 ကျောင်းတွင်း စစ်(ပြင်ပဖြေ) စာမေးပွဲများကို၊ ယမန်နေ့နံနက်(၉) နာရီမှ စတင်၍ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင် စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် Grade-10 နှင် Grade-11 ကျောင်းတွင်းစစ် (ပြင်ပဖြေ)စာမေးပွဲများကို၊ Grade-10 ကျောင်းတွင်းစစ်တွင် ကျား ၁၈ ဦး၊ မ ၁၀ ဦး စုစုပေါင်း ၂၈ ဦး ဖြေဆိုလျက်ရှိပြီး၊ Grade-11 ကျောင်းတွင်း စစ်တွင် ကျား ၁၈ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၃၀ ဦး တို့ ဝင်ရောက် ဖြေဆိုလျက်ရှိပြီး၊ စာမေးပွဲကို မေလ(၉)ရက်နေ့မှ(၁၆)ရက်နေ့ အထိ၊ တနင်္ဂနွေတစ်ရက်နား၍ (၇)ရက် ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ စာမေးပွဲဖြေဆိုနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် လုံခြုံရေး၊ ကျန်းမာ ရေးဆိုင်ရာများကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)