သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ ယနေ့ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းက ကျောင်းများအားလုံး ယနေ့စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သထုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများကို ယနေ့ နံနက်ကစတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့ ကညန ရုံးဝန်အတွင်းပေါက်ကွဲမှုဖြစ်ပွား
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (၁၃)ရပ်ကွက် ၊ ကင်မလင်းကျွန်းလမ်းမကြီးရှိ ကညန ရုံးဝန်း အတွင်း၌ နေ့လည် ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်က အုတ်နံရံနှင့် ရေစင်အတွင်း ကီးပက်ဖုန်းဖြင့် အသုံးပြု၍ ပြုလုပ်ထားသော လက်လုပ်မိုင်းအား ရုံးဘေး ငုဝါ (၁)လမ်းဘက်မှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ၂၀၂၁ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းကစတင်၍ စည်သာကျေးရွာမှ တောင်သူ (၇၂) ဦး၏ စပါးသီးနှံစိုက်ဧက(၁၁၄)ဧကနှင့် အခြားသီးနှံစိုက်ဧက (၂၁၉)ဧက အတွက် ချေးငွေ ကျပ်သိန်းပေါင်း (၃၉၀)ကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာများ လုံခြုံမှုရှိစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး
Jun 01,2021
မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ လုံခြုံရေးမှုရှိစေရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စဉ်လျဉ်း၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် မြစ်ကြီးနားခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနား စုပေါင်းရုံးဝင်းအတွင်းရှိ မနော‌ရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ အားလုံးကို ယနေ့ နံနက်ပိုင်းမှစတင်ကာ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်း သူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။