အောင်လံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတချို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များအမိုးလန်ပျက်စီး

အောင်လံ မေ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရွာပြင်းကျေးရွာအုပ်စု၊ ရွာဟိုင်းကျေးရွာ၊ ရွာပြင်းကျေးရွာ၊ ရွှေသူဌေးကျေးရွာ၊ စစ်အောင်ကျေးရွာအုပ်စု၊ ဥယာဉ်ကျေးရွာ၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်းကျေးရွာ၊ ဇောင်းလျားကျင်း ကျေးရွာအုပ်စု၊ ဈေးကုန်းရပ်ကွက်တို့တွင် လူနေအိမ်(၃၄)အိမ်၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အ.လ.က စာသင်းကျောင်း(၁) ကျောင်းတို့မှာ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ၄၀၀ kv ကွန်ကရစ် လျှပ်စစ်မီးတိုင်(၂)တိုင် တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အောင်လံမြို့နယ်အတွင်းရှိ လူနေအိမ်(၃၄)လုံး၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အလကစာသင်ကျောင်း(၁)ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ငွေကျပ် (၁၉၉၇၄၀၀၀/-)ခန့်ဖြစ်ကာ ထောက်ပံ့ပစ္စည်းများရရှိနိုင်ရေး သက်ဆိုင်ရာ ဌာနဖြစ်သည့် သရက်ခရိုင် ဘေးစီမံနှင့်ချိတ်ဆက်သွားမည်ဖြစ်ပြီး ၄၀၀ kv ကွန်ကရစ် လျှပ်စစ်မီးတိုင်(၂)တိုင် ပြိုလဲကျခဲ့၍ မြို့နယ်လျှပ်စစ် ရုံးနှင့်ချိတ်ဆက်ကာ လျှပ်စစ်မီးအမြန်ရရှိရေး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)