ရှမ်းရွာသစ် မေ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဒို့ကျေးရွာဂျာနယ်မှ စုစည်းထားသော "မွေးမြူ ရေး နည်းလမ်းကောင်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တစ်ဦးက ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ချရေး မဟာဗျူ ဟာလုပ်ငန်းစဉ်ကြီး(၈)ရပ်အနက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးနှင့် တွဲဖက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်ဆိုသော်လည်း ကျေးလက်ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းစီးပွား ဖွံ့ဖြိုးရေးအတွက် အဓိကအကျိုးသက်ရောက်မှုများရှိလာမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်လုပ်ကိုင်နိုင်မည်ဆိုပါက ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေလည်းတိုး တက်လာမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် အဖွဲ့ဝင်များက ဆိတ်မွေးမြူရေးလုပ်ငန်းနှင့် နွားမွေးမြူ ရေးလုပ်ငန်းများအကြောင်းတို့ကို အကျဉ်းချုပ်အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ် ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင် (၂)ကြိမ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)