ငပုတော မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနက မုန်တိုင်းနှင့်သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အသင့်ကြိုတင် စုဖွဲ့ထားရှိကြောင်း သိရသည် ။
ငပုတောမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူတို့၏ အသက် အိုးအိမ်များ ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရန်အတွက် အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း၊ ရှာဖွေကယ်ဆယ်ရေး အင်အား (၃၅) ဦးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ စနစ်တကျ စီစဉ်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အောင်သူ (ပြန်/ဆက်)