ညောင်ဦး ဇူလိုင် ၁
၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ နေ့တွင်ကျရောက်မည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား အမှတ်(၃)၊တက်သိမ်းရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း ယနေ့နံနက် ၈ နာရီအချိန်က ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ သစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့သစ်ပင်စိုက်ပျိုးပွဲတော်တွင် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဌာနဆိုင်ရာများသို့ အရိပ်ရသစ်ပင်များဖြစ်သည့် ယင်းမာ၊တမာ၊ကုက္ကို ၊စိန်ပန်းပင်များအား ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးမင်းနိုင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး)က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့ နယ်စီမံအဖွဲ့ဝင်များအား စိုက်ပျိုးမည့်သစ်ပင်များပေးအပ်ပြီးနောက် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်သစ်ပင်များစိုက်ပျိုးကြသည်။
ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ သစ်ပင်စိုက်ပျိုးရေးပွဲတော်သို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ဦးမင်းနိုင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းနှင့်အဖွဲ့ဝင်များ ၊ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်က လေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ်(၃)၊တက်သိမ်း အခြေခံပညာမူလတန်းကျောင်းမှဆရာ/မများနှင့် ကျောင်းသား/သူများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့သစ် ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုသောအားဖြင့် သစ်ပင်များ တပျော်တပါးစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဒီပါလင်း