ချောက်မြို့နယ်၌ ၂၀၂၃ ခုနှစ်  မိုးရာသီ တမာပျိုးပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ချောက် ဇူလိုင်   ၁

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၏ ၂၀၂၃ ခုနှစ် မိုးရာသီတမာပျိုးပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နေ့နံနက်(၇)နာရီအချိန်ကအ မှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော်နှင့် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦး အေးမင်းထွန်း၊ အဖွဲ့ဝင်(၃) ဦးစန်းဝင်း၊အတွင်း​ရေးမှူး ဒုတိယရဲမှူး​ကြီး ချမ်းမြေ့ဝင်းတို့က ဌာနဆိုင်ရာများအလိုက် စိုက်ပျိုးရန်ပျိုးပင်များကို ခွဲဝေပေးအပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ချောက်မြို့နယ်၏၂၀၂၃ခုနှစ်မိုးရာသီတမာပျိုးပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များကို  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်​ခမ်း​ခေါင် တို့ကလွှဲပြောင်းပေးအပ်ရာ ဌာနအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များက  ၂၀၂၃  ခုနှစ်   မိုးရာသီ တမာပျိုးပင်စိုက် ကွင်းရှိ  သတ်မှတ်နေရာများတွင် တမာပင်များကို ဦးဆောင်စိုက်ပျိုးပေးကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်နှင့် အဖွဲ့ဝင်များသည်  ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမနှင့်​ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)