သံဖြူဇရပ် ဇူလိုင် ၁
(၂၀၂၃)ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာအမျိုး သမီးများနေ့အကြောင်းသိကောင်းစရာ (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးသီကမြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ် Talk Show ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်း ၏ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး၊ သံဖြူဇရပ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ဝင်းဝင်းမာက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များ၊ မြန်မာ အမျိုးသမီးများ၏လူမှုဘဝဆောင်ရွက်ပေးမှုများ၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အများပြည်သူအကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကိုရှင်းလင်းဆွေးနွေးသည်။
သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို Online မှ တစ်ဆင့်အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)