ရန်ကုန်မြို့နယ်တွင် Oliver Stones’s Documentary “Nuclear Now”ရုပ်ရှင်ပြသပွဲ ကျင်းပ

ရန်ကုန် ဇူလိုင်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေ းရှင်း “ROSATOM”တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ တတိယနေ့တွင် Oliver Stones’s Documentary “Nuclear Now ”ရုပ်ရှင်ပြသပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နျူးကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပခဲ့သည်။

ရုပ်ရှင်ပြသပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများက Oliver Stones’s Documentary “Nuclear Now” ရုပ်ရှင်ကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အဆိုပါရုပ်ရှင်တွင်ပါဝင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ မီဒီယာများနှင့်တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ရုရှားဖက်ဒေးရှင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်ကပြန်လည်ဖြေကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း“ROSATOM”မှတာဝန်ရှိသူထံလက်ဆောင်ပစ္စည်းပေးအပ်ပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” တာဝန်ရှိသူက ကျေးဇူတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)