ကွန်ဟိန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအားထောက်ပံ့ငွေ ပေးအပ်

ကွန်ဟိန်း  ဇူလိုင်   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအားထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်း တို့မှ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား (၁၃၀)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၉၀၀၀၀၀)ကျပ်သုံးဆယ်ကိုးသိန်းတိတိအား ရပ်ကွက်/ကျေးရွာအတွင်းရှိ  ဘိုးဘွားများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကွန်ဟိန်း(ပြန်/ဆက်)