လားရှိုးမြို့တွင် MPT ၏ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကျင်းပ  

လားရှိုး ဇွန် ၃၀

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်းစုပေါင်း သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့နံနက် ၈နာရီအချိန်က လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်၊ လားရှိုးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးဇော်မင်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာသိန်း ၊ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းအောင်ဆန်း နှင့်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ  ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

လားရှိုးမြို့၌ပြုလုပ်သည့် “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်းစုပေါင်း သစ်ပင် စိုက်ပျိုးခြင်းတွင် သပြေဘူတပင်၊ တပေါင်းပန်း(ပန်းဝါ)၊ ကံ့ကော်၊ ပိတောက်၊စိန်ပန်းပြာ၊ ချယ်ရီနှင့် သစ်လှအပင်ပေါင်း ( ၄၀၀) ခန့်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်