မုဒုံမြို့နယ်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေ 

မုဒုံ ဇွန် ၃၀

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနား ပတ်ဝန်းကျင်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တောင်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ဟင်းခါးပင်စိုက်ပျိုးရာတွင် အစေ့ကိုတိုက်ရိုက်စိုက်သောနည်းဖြင့် စိုက်ပျိုးကြကြောင်း မိုးရာသီစိုက်အပင်များအတွက် စိုက်ပျိုးပြီး ရက် ၉၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ အိမ်ခြံဝင်းအတွင်းနှင့် အခြားမြေလွတ်နေရာများတွင်ပါ အလွယ်တကူ စိုက်ပျိုးနိုင်သောကြောင့် မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း ဖယ်ဒိုကျေးရွာမှ ကြက်ဟင်းခါးသီးစိုက် တောင်သူ ဒေါ်ဖဲ့ကပြောသည်။

မုဒုံမြို့နယ်တွင် ကြက်ဟင်းခါးသီးကို ဆယ့်နှစ်ရာသီပတ်လုံး စိုက်ပျိုးကြပြီး အသီးအရွယ် အစားအလိုက် ဒေသပေါက်စျေး အသေးတစ်လုံးလျှင် ငွေကျပ် ၃၀၀၊ အကြီးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀ အထိ ရောင်းချရကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)