ရမည်းသင်း ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန်လ (၂၇)ရက်နေ့က စတင်၍နိုင်ငံ့ဝန်ထမ်းများအား ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၍ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန ရမည်းသင်း မြို့နယ်ဦးစီးမှူးရုံးမြို့နယ်ဦးစီး ဦးရဲဇော်ဦးနှင့်ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို (Biometric) ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူပြီး (Database)တွင် သိမ်းဆည်းကာ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID) နံပါတ်ပါကတ်ပြားများကို့ နေ့ချင်းအပြီး ထုတ်ပေးလျက်ရှိသည်။
အဆိုပါ (Biometric) အချက်အလက်များ ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးနေမှုကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ရမည်းသင်းမြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများကို(Biometric) အချက်အလက်များ ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းကို ဇွန်လ-၂၇-၆၂၀၂၃ ရက်မှ၃၁-၇-၂၀၂၃နေ့ထိ လည်းကောင်း၊ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို ၁-၈၂၀၂၃ရက်မှ ၁၄-၁၂-၂၀၂၃ ရက်ထိလည်းကောင်း၊ တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူများအား ၁၅-၁၂-၂၀၂၃ ရက် မှ ၂၁-၁၂-၂၀၂၃ထိ လည်းကောင်း၊ ရမည်းသင်း အကျဉ်းထောင်ရှိ အချုပ်သား/သူများ၊ အကျဉ်းသား/သူများကို ၂၂-၁၂-၂၀၂၃မှ၁-၁-၂၀၂၄ ရက်နေ့ထိလည်းကောင်း၊ သာသနာ့ဝန်ထမ်းများ ၄-၁-၂၀၂၄ မှ ၃၁-၁-၂၀၂၄ ရက်ထိလည်းကောင်း၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ ၁-၂-၂၀၂၄ရက် မှ၃၁-၂-၂၀၂၄ ရက်ထိ လည်းကောင်း၊ အသက်(၁၀)နှစ်နှင့်အထက်ပြည်သူများကို ၄-၂-၂၀၂၄မှ တစ်မြို့နယ်လုံးပြီးဆုံးသည်ထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)