မော်လမြိုင်ကျွန်း ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့၊ နံနက်(၇)နာရီအချိန်မှ စတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အဆိုပါရုံးရှေ့တွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဝက်သားတို့ကို ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ထပ်မံ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ရောင်းချပေးရာတွင် ဆန်(ဧည့်မထ)တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် (၁၈၇)ပြည်၊ ဆီ(စားအုန်းဆီ) တစ်ပိဿာလျှင် (၄၃၀၀)ကျပ်နှုန်းဖြင့်(၂၇၅)ပိဿာ၊ ကြက်ဥတစ်လုံးလျင် (၂၃၀)ကျပ်နှုန်းဖြင့် အလုံး(၅၉၃)လုံးနှင့် ဘဲဥတစ်လုံးလျှင်(၂၄၀)ကျပ်နှုန်းဖြင့် အလုံး(၆၀၀)လုံး၊ ဝက်သားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှုန်းဖြင့် (၃၀)ပိဿာတို့ကို ပြင်ပပေါက်ဈေးထက် သက်သာသော စျေးနှုန်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးသက်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်းကြားရေးမှူး ဦးမင်းဇော်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးတို့က ဝယ်ယူကြသူမျာအား ကြည့်ရှု့အားပေးခဲ့ကြပြီး ရောင်းချရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)