သတင်းများ

သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၆၇)ဦးတို့ကို လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ (၂၃၀၁၀၀၀၀) ပေးအပ်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၇၆၇)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့စတင်လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။
ပေါက်တောမြို့နယ် အ.ထ.က-သဝင်ချောင်းကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းဆောင်ရွက်
Jun 30,2023
ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က-သဝင်ချောင်း ကျောင်းဝင်းအတွင်း၌ လဲကျနေသာ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပွတ္တာမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှုပ် ထည့်သွင်းခြင်း ဆောင်ရွက်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ ည​နေပိုင်းက ​ကျောက်ဖြူကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာရှိ တောင်သူ ဦးအောင်သူ၏ လယ်မြေ (၁၅) ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
Jun 30,2023
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမား များအချင်းချင်း သွေးစည်း ညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့်
လက်ပံတန်းမြို့နယ်၌ လူကုန်ကူးမှုတာဆီးကာကွယ်ရေးအသိပညာပေးဟောပြော
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ ဦးဆောင်၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောင့်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာ၊ ကျက်သရေကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြို့၌ လယ်ယာမြေဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်ညွှန်ကြားချက်များအား အသိပညာပေးဟောပြော
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။