ကန့်ဘလူခရိုင်အတွင်း ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူ ပြည်သူ့စစ်၊ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

ကန့်ဘလူ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ဘလူခရိုင်အတွင်းရှိ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူ ပြည်သူ့စစ်၊ ပြည်သူများအားထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဇွန် ၃၀ ရက်နံနက် ၁၀ နာရီက ခရိုင်စုပေါင်းရုံး ရွှေစည်မြိုင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့ငွေများပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှေ့တန်းဗျူဟာမှူး၊ အမှတ် (၂) နည်းဗျူဟာစစ်ဆင်ရေးအဖွဲ့၊ အမှတ် (၁၀) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (အခြေချ) ကန့်ဘလူမြို့ ဒုတိယဗိုလ်မှူးကြီးအောင်ဇော်မြင့်က အမှာစကားပြောကြားပြီး မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက် (၅၅၀) ဆရာတော် ဦးဝါသဝက ဩဝါဒစကား မိန့်ကြားကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် တာဝန်ရှိသူများက ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရပြည်သူ့စစ်၊ ပြည်သူများ၏မိသားစုဝင်များထံသို့ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ကျဆုံး၊ သေဆုံးသူပြည်သူ့စစ်၊ ပြည်သူ စုစုပေါင်း ၄၀ ဦးနှင့်ဒဏ်ရာရသူ ၂၉ ဦးတို့အတွက် ကျပ် ၅၃၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)